By The Kumudra Journal, Shweproperty.com
Updated at 30 January 2018
မြေကွက်ကို ခွဲ ခြမ်းစိတ်ဖြာမယ်ဆိုရင် မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ (အိမ်ရာမြေ)၊ ဂရန် မြေရှိတဲ့ မြေပိုင် မြေနဲ့ မြေငှားဂရန် မြေတွေကို မြေကွက်မြေပုံနဲ့ မြို့ မြေစာရင်းတို့မှာ ခွဲစိတ်ပေးပါတယ်။ ခွဲစိတ်ဖို့ လျှောက်ထားတဲ့ မြေကွက်ရဲ့ အတိုင်းအတာက တော့ မျက်နှာစာဘက်မှာ အနည်း ဆုံး ပေ ၂၀ ရှိမှာဖြစ်ပြီး မြေကွက် တစ်ကွက်လုံးကို မြေဧရိယာ ပေါင်း စတုရန်းပေ ၁၂၀ဝ ရှိရပါ မယ်။ ခွဲစိတ်ဖို့ လျှောက်ထားတဲ့ မြေကွက်တွေကို ဝင်ထွက်သွားလာဖို့အတွက် လုံလောက်တဲ့လမ်း ပါရှိရပါမယ်။
မြေကွက်ခွဲစိတ်မျဉ်းနဲ့ မြေပြင်မှာရှိတဲ့ အဆောက်အအုံတို့ ကင်းလွတ်မှုရှိရပါမယ်။ လျှောက်ထားလိုသူက ဌာနမှာ သတ်မှတ်ထားတဲ့ လျှောက်လွှာ ပုံစံနဲ့အတူ မြေတိုင်း လျှောက်ထားတုန်းက တင်ပြခဲ့တဲ့ အထောက်အထားတွေအပြင် တစ်နှစ်အတွင်း သက်တမ်းရှိတဲ့ ဌာနက ထုတ်ပေးတဲ့ မြေကွက်ခွဲစိတ်ဖို့ မှန် ကန်ကြောင်း သက်သေခံမြေပုံတို့ လိုအပ်ပါတယ်။ မြေရာဇဝင်မူရင်း၊ အတိုင်းအတာပါတဲ့ မြေတိုင်းမြေပုံ မိတ္တူ၊ ကော်မတီက အသိအမှတ်ပြု လိုင်စင်ရအင်ဂျင်နီယာ ရေးဆွဲထားတဲ့ မြေကွက်ခွဲစိတ်ဖို့ အဆိုပြု မြေပုံသုံးခုနဲ့ အသေးစိတ်တွက် ချက်မှုပုံစံ သုံးစုံမူရင်း လိုအပ်ပါတယ်။
ဌာနက သတ်မှတ်ချက်နဲ့ ကိုက်ညီရင်တော့ သတ်မှတ်ထားတဲ့ ဝန်ဆောင်ခပေးသွင်းပြီး မြေကွက်ခွဲ အတည်ပြုပုံစံနဲ့ မြေကွက် ခွဲစိတ်တိုင်းတာ တဲ့ မြေပုံကိုထုတ်ပေးမှာ ဖြစ်ပါတယ်။ ခွဲစိတ်ထားတဲ့ မြေကွက်ဟာ ဂရန်မြေ ဖြစ်ရင် တော့ ဂရန်ခွဲ ဆက်လက်ဆောင်ရွက်ရန်နဲ့ မြေပိုင်မြေဖြစ် ရင် တော့ အမှားပြင်စာချုပ်ချုပ်ဆိုဖို့ လိုအပ်ပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties